အောက်တိုဘာ ၃

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမရှစ်လအတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၄ ဒသမ ၀၅ သန်းရှိရာ လွန်ခဲ့သောနှစ်အလားတူကာလက ခရီးသွား ၄ ဒသမ ၂၉ သန်း ဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၂၉ သန်း လျော့ကျခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။

ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လအတွင်း  နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွင် ထိုင်းနိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်နေပြီး ၎င်းပြီးလျှင် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းလူမျိုး ၉၆၂၄၆၂ နှင့် ဗီယက်နမ်လူမျိုး ၈၀၈၄၇၁ ဦးတို့လာရောက်လည်ပတ်ခဲ့ရာ  ၂၈ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၉ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပြီး တရုတ်နိုင်ငံသား ၇၈၄၉၆၅ ဦး လာရောက်လည်ပတ်မှုရှိရာ  ၄၅ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်မှုရှိကြောင်း ထပ်လောင်းဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ တင်ပို့မှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေများအပြင် နိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးပေးသည့် မဏ္ဍိုင်လေးရပ်အနက်မှ တစ်ခုဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို