ကဘူးလ် အောက်တိုဘာ ၂
ရဲတပ်ဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘာဒက်ရှန်းပြည်နယ်၌ လက်နက်ကိုင်လုယက်သူ နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၀၀၀၀၀ ခန့် တန်ဖိုးရှိ ရွှေနှင့်ငွေသားများကို ပြန်လည်ရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးက အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်တွင် ပြောကြား သည်။
လက်နက်ကိုင်လုယက်သူများသည် လွန်ခဲ့သည့်ရက်များအတွင်းက ငွေလဲလှယ်သူတစ်ဦးကို တိုက်ခိုက်ပြီး ရွှေ ၂ ဒသမ ၆ ကီလိုဂရမ်ဝန်းကျင်၊ အမေရိကန်ဒေါ်လာ ၂၈၃၂၅ ဒေါ်လာ၊ အာဖဂန်နီ ၂ ဒသမ ၂ သန်း(အမေရိကန်ဒေါ်လာ ၃၃၀၀၀ ဝန်းကျင်) နှင့် ယူရို ၁၀၀၀(၁၁၇၅ ဒေါ်လာ ဝန်းကျင်) တို့ကို လုယက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါ ရှာဖွေရေးလုပ်ငန်းစဉ်အတွင်း လုယက်သူနှစ်ဦးကို ဖမ်းဆီး၍ တန်ဖိုးကြီးသည့် ပစ္စည်းများအားလုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


