မိုက်စ်  အောက်တိုဘာ  ၂

၂၀၂၆ ခုနှစ် အမျိုးသမီး ဘတ်စကက်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ရောင်းချမှုများ စတင်ပြီဟု  ကမ္ဘာ့ဘတ်စကက်ဘော အုပ်ချုပ်ရေးအဖွဲ့(FIBA) က အောက်တိုဘာ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါပြိုင်ပွဲကို ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းပေါင်း  ၁၆ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။   ပွဲစဉ်ပေါင်း  ၁၂  ပွဲ   ပါဝင်မည်ဖြစ်ပြီး နောက်ဆုံးပွဲစဉ်လက်မှတ်များ၊ အကြိုဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲအတွက် လက်မှတ်များကိုပါ ရောင်းချနေပြီဖြစ်သည်။

၂၀၂၆ ခုနှစ်  အမျိုးသမီးဘတ်စကက်ဘော  ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်  နီးကပ်လာသည့်အတွက်  နောက်ဆုံးပွဲစဉ်လက်မှတ်များ  ရောင်းချရမှုစတင်လိုက်ပြီး  ပွဲကျင်းပရန်  စောင့်ဆိုင်းရသည့်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသည်ဟု   FIBA အတွင်းရေးမှူးချုပ် အန်ဒရက်စ်ဇက်ကလစ်က ပြောသည်။ နိုဝင်ဘာလအတွင်း နောက်ထပ် လက်မှတ်အမျိုးအစားများကို ထပ်မံရောင်းချသွားမည်ဖြစ်သည်။

နောက်ဆုံးပွဲစဉ်များအတွက် တစ်ရက်စာဝင်ကြေးလက်မှတ်များ၊ ဂျာမနီအသင်းပါဝင်သည့် လက်မှတ်များ၊  ပရီမီယံလက်မှတ်များနှင့် အကန့်အသတ်ဖြင့်ရောင်းချသည့်   ကစားကွင်းနားရှိ   အထူးနေရာလက်မှတ်များ ရောင်းချမှုတို့ပါဝင်မည်ဖြစ်သည်။                  

ဆင်ဟွာ