ရန်ကုန် အောက်တိုဘာ ၄

 

၂၀၂၅ ခုနှစ် အာဆီယံနေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၌ ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်းရေးမှူး၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ နည်းပြဆရာများ၊ သင်တန်း သား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၈) ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMS-8) နှင့် ဒုတိယအကြိမ်မြောက် အာဆီယံအားကစား ဝန်ကြီးများအဆင့်အစည်းအဝေး (AMMS-2) တို့က ဆွေးနွေး အတည်ပြုဆုံးဖြတ်ခဲ့ကြပြီး အာဆီယံ အားကစားနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှု များကို ၂၀၁၉ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင်သာမက အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးတွင် နှစ်စဉ်ကျင်းပခဲ့ကြကြောင်း။

 

ယခုနှစ်တွင် ထူးထူးခြားခြားအနေဖြင့် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ အားကစား လူငယ် မောင်မယ်များအတွက် အားကစားလှုပ်ရှားမှုများအနေဖြင့် ယခုပြိုင်ပွဲများကို စီစဉ်ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှု ကို ပါဝင်ဆင်နွှဲရန် ရောက်ရှိလာသည့် အားကစားလူငယ်မောင်မယ်များအနေဖြင့် နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြား သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ပျော်ပျော်ပါးပါး စုပေါင်း လမ်းလျှောက်ကြပြီး ASEAN Quiz အစီအစဉ်ကို ဆောင်ရွက်ကြကာ ဆုရရှိသူများအား ဆုများ ပေးအပ်သည်။

 

ယင်းနောက် အမျိုးသား/အမျိုးသမီး မီတာ (၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀)၊ မီတာ (၁၀၀၀) လက်ဆင့်ကမ်းပြိုင်ပွဲများကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိ ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် ပြေးခုန်ပစ်အားကစားသမား များ၏ Event အလိုက် စံချိန်ယူလေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခင်ရရှိထားသည့် စံချိန်စံညွှန်းများထက် ပိုမိုကောင်းမွန်သည့် စံချိန်စံညွှန်းများရရှိရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ISPE FC အသင်း သုံးသင်း၏ အုပ်ချုပ်/နည်းပြ အားကစားသမားများ အား တွေ့ဆုံအမှာစကားပြောကြားပြီး မင်္ဂလာ တောင်ညွန့်မြို့နယ် အောင်ဆန်းအားကစား ပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည့် ဘော်လီဘော နည်းပြသင်တန်းဆင်းပွဲသို့ တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒိုင်ချုပ်နှင့် သင်တန်းသားများကို ဂုဏ်ပြုလက်ဆောင် များ၊ (A လိုင်စင်၊ B လိုင်စင်နှင့် C လိုင်စင်) များကို ပေးအပ်ကြသည်။

 

ယင်းနောက် သိမ်ဖြူအားကစားကွင်း၌ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မွေနှင့် Kickboxing အားကစားနည်းမှ ပဏာမ လက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုပြီး သိမ်ဖြူအားကစားခန်းမ ပြင်ဆင်ရန် လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်