ဝါရှင်တန် အောက်တိုဘာ ၄
အမေရိကန်ဘဏ္ဍာရေးဌာနက နိုင်ငံထူထောင်ခြင်းနှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် တစ်ဒေါ်လာ တန် ဒင်္ဂါးပြားထုတ်လုပ်မည်ဖြစ်ပြီး အဆိုပါဒင်္ဂါးပြားတွင် သမ္မတ ဒေါ်နယ်ထရမ့်၏ရုပ်ပုံကို ထည့်သွင်း အသုံးပြုရန် စဉ်းစားသုံးသပ်လျက်ရှိကြောင်း ဒေသတွင်း မီဒီယာများက ပြောကြားသည်။
ဒင်္ဂါးပြားနမူနာပုံစံ၏ တစ်ဖက် သောအခြမ်းတွင် သမ္မတဒေါ်နယ်ထရမ့်၏ကို ယ်ရေးမှတ်တမ်းကို ဖော်ပြထားပြီး အခြားဘက်တွင်မူ “FIGHT FIGHT FIGHT” ဟူသော စကားလုံးများ အောက်တွင် ဒေါ်နယ်ထရမ့်က အမေရိကန် အလံတစ်ခုရှေ့ မတ်တပ်ရပ်နေဟန်ဖြင့် လက်သီးဆုပ်ထားသော ပုံကို ပြသထားသည်။
နိုင်ငံတော် ထူထောင်ခြင်းအထိမ်းအမှတ် နှစ် ၂၅၀ ပြည့် နှစ်ပတ်လည်နေ့အတွက် သမ္မတ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုသောအားဖြင့် အဆိုပါဒီဇိုင်းမူကြမ်းကို ဖန်တီးပြုလုပ်ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။
ပိုမိုမျှဝေသွားမည်ဖြစ်
အမေရိကန် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများ ပြန်လည်စတင်ဆောင်ရွက်သည့် အချိန်တွင် တစ်ဒေါ်လာတန် ဒင်္ဂါးပြားထုတ်လုပ်ခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ယခုထက် ပိုမိုမျှဝေသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


