နေပြည်တော်     အောက်တိုဘာ     ၅

မန္တလေးတက္ကသိုလ်   နှစ်(၁၀၀)ပြည့်   အထိမ်းအမှတ် “ဂီတဆည်းဆာ” ပဒေသာကပွဲ ဖျော်ဖြေပွဲကို အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီမှ ည ၉ နာရီအထိ မန္တလေးတက္ကသိုလ်ဝင်းအတွင်း၌ မန္တလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများနှင့် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူ များ စုပေါင်း၍ အဆို၊ အက၊ တေးဂီတတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်သည်။

အဆိုပါဖျော်ဖြေပွဲကို ယင်းနေ့ ညနေ ၆ နာရီမှ ည ၉ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏   MRTV Farmers’ Channel နှင့်  MRTV Entertainment Channel တို့မှ  တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ထို့ပြင် သပြေရေဒီယို၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM၊   FM ပုဂံ၊ ချယ်ရီ FM၊ Star FM၊ MRTV App၊ မြန်မာ့အသံ Radio App အပါအဝင်   Online တို့မှလည်း    တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။

သတင်းစဉ်