နေပြည်တော် အောက်တိုဘာ ၅
၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-I)၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံနှင့် နေပြည်တော် မြို့တော်ခန်းမ လေဟာပြင်ဇာတ်ရုံတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီတွင် MICC -I ၌ ကျင်းပမည်ဖြစ်ရာ ထိုသို့ ကျင်းပပုံများ ကို နံနက် ၈ နာရီ ၄၅ မိနစ် မှစတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV – HD ၊ MRTV - Entertainment ၊ MRTV - Parliament ၊ MRTV – NRC ၊ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလိုင်းများ ဖြစ်သော Channel 9 ၊ Up to Date နှင့် Readers' Channel တို့အပြင် မိတ်ဖက်ရုပ်သံလိုင်းများဖြစ်ကြသော MWD-HD Channel ၊ MWD Variety – HD Channel တို့မှ လည်းကောင်း၊ MOI Website ၊ MOI Youtube ၊ MRTV APP: အပါအဝင် MRTV Online Platform တို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM၊ ရွှေ FM ၊ ပတ္တမြား FM ၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM ၊ မြန်မာ့အသံ Radio App တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။
သတင်းစဉ်


