ကဘူး     အောက်တိုဘာ     ၆

 

အာဖဂန်နစ္စတန်နိုင်ငံ  ကန်ဒါဟာပြည်နယ်တွင် ပြန်ပေးဆွဲခံရသည့်  ကလေးတစ်ဦးအား  လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ကြောင်း       ဒေသခံရဲတပ်ဖွဲ့က   အောက်တိုဘာ    ၆  ရက်တွင် ပြောကြားသည်။      

 

ပြည်နယ်မြို့တော်ကန်ဒါဟာတွင် ရဲတပ်ဖွဲ့က အထူးစစ်ဆင်ရေးတစ်ရပ်ကိုဆောင်ရွက်စဉ်အတွင်း      ၎င်းကလေးကို ကယ်တင်နိုင်ခဲ့ကြောင်းနှင့်  ၎င်းကလေးအား  ပြန်ရွေးရန်အတွက် အာဖဂန်ငွေ ၁၀ သန်းကို ပြန်ပေးဆွဲသူများက တောင်းဆိုခဲ့ကြောင်း သိရသည်။

 

ပြန်ပေးဆွဲသူများ၏      နေရာအတိအကျကို စုံစမ်းခဲ့ပြီးနောက် လုံခြုံရေး      တပ်ဖွဲ့ဝင်များက ဝင်ရောက်        စီးနင်းခဲ့ရာတွင် အောင်အောင်မြင်မြင် ကယ်တင်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။  လက်နက်ကိုင် ပဋိပက္ခများ       ဖြစ်ပွားနေသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် ငွေကြေးချမ်းသာသည့် ကလေးများအား ပြန်ပေးဆွဲကာ ငွေတောင်းခံလေ့ရှိသည်။ 

 

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ