မအူပင် အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ ညောင်ဝိုင်းကျေးရွာ မအူပင်စက်မှုဇုန်ရှိ Wave Myanmar အထည်ချုပ်စက်ရုံ၌ မီးဘေးအန္တရာယ် လုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။
ထိုသို့ စစ်ဆေးရာတွင် မအူပင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများကို အသိပညာပေး ဟောပြောသည်။
ယင်းနောက် မီးသတ်ဆေးဘူးထားရှိမှုများနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်မှုရှိ/ မရှိ လက်တွေ့စမ်းသပ် စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)


