ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ရပ်ကွက်များအလိုက် ပထမအကြိမ် ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက်မှစ၍ အောက်တိုဘာ ၁၃ ရက် အထိ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
ထိုသို့ ကပ်ထားကြေညာရာတွင် ဗိုလ်တထောင်မြို့နယ်အတွင်း၌ ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး ၎င်းရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားသည်။
အဆိုပါ မဲစာရင်းများ ကပ်ထားကြေညာထားခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုပြီး ပြန်လည်ပြင်ဆင်လိုသည့် အချက်အလက်များကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်တွင် ပုံစံများတောင်းခံ၍ ဖြည့်သွင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။
ထိုသို့ မဲစာရင်းများ ကပ်ထားကြေညာထားသည့် ရပ်ကွက်ရုံးများသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မိမိတာဝန်ကျသည့် ရပ်ကွက်များသို့ လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)


