တောင်ကြီး    ‌အောက်တိုဘာ    ၆

 

ရှမ်းပြည်နယ်‌(အ‌ရှေ့ပိုင်း)‌ ကျိုင်းတုံမြို့နယ်‌ ‌မိုင်းဇင်းကျေးရွာရှိ မိုးစပါး စီမံကိန်းသီးနှံ (သက်တံ့‌ရောင်စီမံကိန်း)  စိုက်ပျိုးလျက်ရှိသည့် ‌‌မိုင်းဇင်းလယ်ယာနှင့် အ‌ထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်က ရွှေရင်အေးမိုးစပါးမျိုး   ဧက ၅၀  စိုက်ပျိုးထားရှိသည့်  အ‌ခြေအနေ အား ယမန်နေ့ ညနေ ၄ နာရီတွင်   တာဝန်ရှိသူများက ကွင်းဆင်း‌ကြည့်ရှုသည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ‌အသင်းမှလိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် သွင်းအားစုများ ပြတ်လပ်မှုမရှိစေရေးအတွက်  သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပြီး သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံ စိုက်ပျိုးထုတ်လုပ် မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

 

 

ဝိုးတောင်း