ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့်  သန့်ရှင်းရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ ၆

 

တပ်မတော်က    ပြည်သူလူထုအေးချမ်းစွာ      နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး(Counter- Terrorism Operation)ကို တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံပြည်သူ များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်    (မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား     အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည်တည်ဆောက်ရေး   လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ထူထောင်ရေး လုပ်ငန်းများကို    ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက် ရှိသည်။

 

ထိုသို့   ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  လုံခြုံရေးတပ်ဖွဲ့ဝင်များက  ဌာနဆိုင်ရာတာဝန် ရှိသူများ၊  ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်     ပူးပေါင်း၍ ကျောက်မဲမြို့တွင်  ကျောင်းနေ အရွယ် ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများ အမြန် ဆုံး   ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသခံပြည်သူများ    အန္တရာယ်ကင်းရှင်းစွာနှင့်  စိတ်အေးချမ်းသာစွာ    သွားလာနေထိုင်နိုင်ရန်အတွက်   TNLA  အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့်    နေရာများတွင် ယုတ်မာရိုင်းစိုင်းစွာ ထောင်ထား ခဲ့သည့်   မြေမြှုပ်မိုင်း၊  နင်းမိုင်း၊ တိုက်မိုင်းများအား ယခုလ ၄ ရက် မှ စတင်၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထို့ပြင်   ဒေသခံပြည်သူများ၏ ကျန်းမာရေး    စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို  ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ   ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ယခုလ ၅ ရက်မှစတင်၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဒေသခံ ပြည်သူများအား    ကျန်းမာ‌ရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ယင်းအပြင်     ကျောက်မဲမြို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ      ဆက်လက် ဆောင်ရွက် နိုင်ရန်နှင့် မြို့သန့်ရှင်း သာယာလှပရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊    ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများ   စုပေါင်း၍  ကျောက်မဲမြို့ အတွင်းရှိ  အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးဝင်း အတွင်း/အပြင်နေရာများအား    ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊  ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့်  စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများနှင့်အခြားလိုအပ်သည်များကို   အင်တိုက်အားတိုက်   ပူးပေါင်းဆောင်ရွက် ပေးကြသည်။

 

ထို့အပြင် စေတနာရှင်၊ အလှူရှင်များက ကျောက်မဲမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊       ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်    အမှတ်(၁) ရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် ဒံပေါက်၊ အအေးနှင့် ရေသန့်ဘူးများ ပေးအပ်လှူဒါန်းကြသည်။

 

ထို့အတူ    ကျောက်မဲမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအေးချမ်းစွာ     လူမှုစီးပွားဘဝလုပ်ကိုင်    စားသောက်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                     

 

သတင်းစဉ်