ပြင်ဦးလွင်  အောက်တိုဘာ  ၆

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင်    နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန    အစည်းအဝေးခန်းမ၌   ကျင်းပသည်။  

 

ဦးစွာ ပြင်ဦးလွင်မြို့နယ်စီမံကိန်း ကြီးကြပ်မှုကော်မတီ     ဥက္ကဋ္ဌဦးတင်အောင်လွင်က  နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ   ချေးငွေပေးအပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင် မြို့နယ်   စိုက်ပျိုးရေးဦးစီးဌာန   မြို့နယ်ဦးစီးမှူး   ဦးအောင်စိုးဦးက    စိုက်ပျိုးကဏ္ဍ ချေးငွေနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။    

 

ဆက်လက်၍  ပြင်ဦးလွင်မြို့နယ် စီမံကိန်းကြီးကြပ်မှု   ကော်မတီ ဥက္ကဋ္ဌနှင့်      တာဝန်ရှိသူများက   နိုင်ငံ့စီးပွားမြှင့်တင်ရေး   ရန်ပုံငွေချေးငွေများကို      တောင်သူများလက်ဝယ်သို့ပေးအပ်ခဲ့ပြီး  အဆိုပါ ချေးငွေဖြင့်  စပါး၊ ဂျုံနှင့်  မက်မန်း သီးနှံတို့အတွက်      ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅ အုပ်စု၊    ကျေးရွာ  ၃၁  ရွာ၊ တောင်သူ ၆၈၄ ဦး၏ စိုက်ဧက ၃၂၁၀    အတွက်  ချေးငွေကျပ်  ၆၄၂  သန်း ထုတ်ပေးခဲ့ကြောင်း သိရသည်။       

 

ခရိုင်(ပြန်/ဆက်)