ရန်ကုန်   အောက်တိုဘာ   ၆

 

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့်  ဂီတဖျော်ဖြေပွဲ  အခမ်း အနားကို      ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့   ပြည်သူ့ရင်ပြင်တွင် ဆက်လက်ကျင်းပရာ ပွဲတော်လာ ပြည်သူများ      စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ ဝယ်ယူအားပေးကြသူများဖြင့်   အထူးစည်ကားလျက် ရှိသည်။

 

အဆိုပါ    ဈေးရောင်းပွဲတော်ကို       အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ နေ့စဉ်နံနက် ၈ နာရီ မှ ည ၁ဝ နာရီအထိ ကျင်းပမည်ဖြစ်ပြီး   ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  စက်မှုဇုန်များ၊  MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊    သမဝါယမဦးစီးဌာန၊       ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်    စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊    တိုင်းဒေသကြီး၊ ပြည်နယ်များမှ   ဒေသထွက်ကုန် ပစ္စည်းများနှင့်         အစားအစာ အရောင်း ဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း  ၆၂၀ ကျော်  ခင်းကျင်း     ရောင်းချလျက်ရှိပြီး   ပြည်တွင်းထုတ်ကုန်ပစ္စည်းများဖြစ်သည့်    အဝတ်အထည်များ၊ စားသောက် ကုန်များ၊ အလှမွေးငါးများ၊ အိမ်မွေးတိရစ္ဆာန်  တွားသွားသတ္တဝါများ၊ မြန်မာ့သနပ်ခါးများကို ခင်းကျင်း ပြသရောင်းချလျက်ရှိသည့်အပြင်        မြန်မာနိုင်ငံ       ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ     အသင်းက    သက်သာသော ဈေးနှုန်းများဖြင့် ဆီများကို   ရောင်းချပေးလျက်ရှိရာ       လာရောက် ကြည့်ရှုဝယ်ယူအားပေးသူများဖြင့်       စည်ကားလျက်ရှိသည်။(ယာပုံ)

 

သီတင်းကျွတ်       ဈေးရောင်းပွဲ တော်တွင် Talk Show အစီအစဉ် ၌ “MSME များအတွက် နည်းပညာဆိုင်ရာနှင့်ပံ့ပိုးမှုများ” ခေါင်းစဉ်ဖြင့်  ဆွေးနွေးကြရာ   စီးပွားရေး လုပ်ငန်းရှင်များနှင့်        ပွဲတော်လာပြည်သူများက       လာရောက်အားပေးကြသည်။

 

ဖျော်ဖြေရေး      မဏ္ဍပ်၌လည်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် သဘင်နှင့်  ဂီတနယ်ပယ်မှ ကျော်ကြားသည့်    အနုပညာရှင်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ် တေးသံရှင်များစွာတို့၏ သီဆိုဖျော်ဖြေမှုများကြောင့် သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို      ပိုမိုစည်ကားစေခဲ့ပြီး အလှူရှင်များက နေ့စဉ်စတုဒိသာကျွေးမွေးခြင်းကိုလည်း ပျော်ရွှင်စွာ သုံးဆောင်ကြသည်ကို  တွေေ့ရသည်။

 

ပွဲတော်လာ         ပြည်သူများသွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/ အပို့ကားများ စီစဉ် ဆောင်ရွက်ထားရှိပြီး        အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ   ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာလာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း   သိရသည်။      

 

အောင်မြင့်(ပြန်/ဆက်)