လွိုင်ကော်  ၁၅ မတ်      


ကယားပြည်နယ် လွိုင်ကော်မြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက သင်တန်းအမှတ်စဉ် (၆/၂၀၁၉) အခြေခံဆိုင်ကယ် ပြုပြင်နည်းသင်တန်းဖွင့်ပွဲနှင့် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။

 

1


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်အတွင်း လူငယ်/ မောင်မယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အသက်မွေးပညာ သင်တန်းကျောင်းအား (၃) နှစ်တာကာလအတွင်း ကြိုးပမ်းဖော်ဆောင်ခဲ့ကြောင်း၊ သင်တန်းကျောင်းအတွက် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများ၊ သင်တန်းအဆောက်အဦများကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ တစ်ပိုင်တစ်နိုင် အသက်မွေးပညာများ သင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာဌာန တာဝန်ရှိသူများအနေဖြင့် စနစ်တကျ စီမံချက်ရေးဆွဲတင်ပြပေး စေလိုကြောင်း၊ ယခုသင်တန်းတွင် ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများအနေဖြင့် အခက်အခဲများ ရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်းနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက်ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ အောင်လက်မှတ် ပေးအပ်ခြင်းနှင့် အမှတ်တရလက်ဆောင် ပေးအပ်ခြင်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး နှင့် တာဝန်ရှိသူတို့က ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


လွိုင်ကော်သား

 

1