ဟနွိုင်း အောက်တိုဘာ ၇
ဗီယက်နမ်နိုင်ငံမြောက်ပိုင်း လန်ဆောင်းပြည်နယ်ရှိ ရေအားလျှပ်စစ်ထုတ်လွှတ်ရေးဆည်တစ်ခု အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက ကျိုးပေါက်မှုဖြစ်ပွားခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ပြောကြားသည်။
တိုင်ဖွန်းမုန်တိုင်း မတ်မိုကြောင့် ဖြစ်လာသည့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ကျိုးခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အခင်းဖြစ်နေရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များကို တာဝန်ချထားကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။ ဖြစ်စဉ်ကြောင့် သေဆုံးသူမရှိကြောင်းနှင့် အဆောက်အအုံပျက်စီးခြင်းများကိုလေ့လာကာ ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


