နေပြည်တော် အောက်တိုဘာ ၇

 

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ကီလို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီတွင် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းကျေးရွာရှိ စိုင်းရှဲန်တွီ၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ စိုင်းရှဲန်တွီ၊ ဖိလစ် (ခ) အကိန်၊ အိုက်မောင်၊ စိုင်းဝန်း၊ အိုက်အွန်ကျောက်၊ စိုင်းရှဲန်ဖနှင့် စိုင်းလောင်နွဲ့တို့ ခုနစ်ဦးနှင့်အတူ အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလီယံ)၊ TOYOTA FORTUNER ယာဉ် တစ်စီး၊ HONDA CIVIC ယာဉ် တစ်စီး၊ TOYOTA CROWN ယာဉ် တစ်စီး၊ ISUZU D-MAX ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

 

ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် ယင်းနေ့နံနက် ၁၀ နာရီခွဲတွင် သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များ၏ ပိုင်ရှင်ဖြစ်သူ စိုင်းမွန်းနေထိုင်သည့် တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု ဟိုခိုကျေးရွာရှိ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ စိုင်းမွန်းမှာ တိမ်းရှောင်လျက်ရှိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်