နေပြည်တော် အောက်တိုဘာ ၇

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးနှင့် (အရှေ့ပိုင်း)တာဝန်ခံ ဦးမျိုးမောင်တို့သည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် “ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမ၌ တွေ့ဆုံ၍ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်မည့်အခြေအနေ၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာပြီးစီးမှု၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များ မဲရုံများသို့ သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးမည့် အခြေအနေ၊ တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ကြိုတင် မဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ MEVM မြန်မာအီလက်ထရော နစ်မဲပေးစက်များ ထုတ်ယူ၊ ပြင်ဆင်ပြီး သက်ဆိုင်ရာမဲရုံများသို့ သယ်ယူပို့ဆောင်နိုင်ရန်အတွက် ခရိုင်/ မြို့နယ် MEVM စက်များ ကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာအထောက် အကူပြုအဖွဲ့များ၏ စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းဆွေးနွေးသည်။

 

အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်ခွဲ/ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၏ တင်ပြချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်