ပီအက်စ်ဂျီအသင်းဟာ အောက်တိုဘာ ၅ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့   ပြင်သစ်ပထမတန်းပြိုင်ပွဲ   ပွဲစဉ် (၇) မှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

လိုင်လီအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း   ဘယ်အသင်းကမှ   ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲကစားချိန် ၆၆ မိနစ်မှာ ပီအက်စ်ဂျီအသင်းက မန်ဒက်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး   စတင်ရရှိခဲ့တာဖြစ်ပြီး   လိုင်လီအသင်းက   ဒုတိယပိုင်း ပွဲကစားချိန် ၈၅ မိနစ်မှာ  ဘတ်ပီရဲ့ သွင်းဂိုးရရှိခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လိုင်လီအသင်းနဲ့ ပွဲစဉ်မှာ သရေရလဒ်သာထွက်ပေါ်ခဲ့ပေမယ့် ပြင်သစ် ပထမတန်းပွဲစဉ် (၇) အပြီးမှာ ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

လိုင်လီအသင်းကတော့ ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ်မှာသရေ တစ်မှတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ပြင်သစ်ပထမ တန်းပြိုင်ပွဲ ပွဲစဉ်(၇) အပြီးမှာ ရမှတ်၁၁ မှတ်နဲ့အမှတ်ပေးဇယားအဆင့် (၇) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်