ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းဆေးရုံ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကုသရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံတကာ(NGO)အဖွဲ့အစည်းဖြစ်သည့် World Human Bridge တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများအား အခမဲ့ခွဲစိတ်ကုသပေးမှုကို အောက်တိုဘာ ၆ ရက်မှစတင် ပြုလုပ်ပေးလျက်ရှိသည်။
အဆိုပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများအား အခမဲ့ကုသပေးခြင်းကို အောက်တိုဘာ ၆ ရက်မှ ၈ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)


