ဇလွန် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် စာရေးဆရာအသင်း၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းအောင် မြန်မာစာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ ဆရာမများအား ဂုဏ်ပြုပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်(မောင်ပြေငြိမ်း - ဇလွန်)က ဂုဏ်ပြုပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ်ဝင်တန်းအောင် မြန်မာစာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ ဆရာမများအား မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် (မောင်ပြေငြိမ်း-ဇလွန်)နှင့် စာရေးဆရာ အဖွဲ့ဝင်များက ဆုများပေးအပ်ခဲ့ကြသည်။ ယင်းနောက် အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည် လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် (မောင်ပြေငြိမ်း - ဇလွန်)က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဦးငွေ-ဇလွန်


