နောင်မွန်း အောက်တိုဘာ ၇

 

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ မြို့နယ်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲက ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

 

နောင်မွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက် ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄ အုပ်စုရှိ ကျေးရွာပေါင်း ၅၃ ရွာတွင် မဲရုံပေါင်း ၂၁ ရုံဖြင့် ကျင်းပမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)