ခိုင်ကမ်း အောက်တိုဘာ ၈

 

ချင်းပြည်နယ် တီးတိန်မြို့ ကော်မရှင်အဖွဲ့ခွဲက ဦးစီးကျင်းပသော မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် သရုပ်ပြမဲပေးခြင်း အခမ်းအနားကို ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။

 

ရှင်းလင်း ပြောကြား

ဦးစွာ တီးတိန်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအင်လန့်မုန်နှင့် မြို့စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထန်ဂင့်ဆုမ်းတို့က အမှာစကား ပြောကြားပြီး အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာ့အီလက်ထရောနစ် မဲပေးစက်နှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များက မြန်မာ့အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ မဲပေးခဲ့ကြောင်း သိရသည်။

ခိုင်ကမ်း(ပြန်/ဆက်)