မိုင်းဖြတ် အောက်တိုဘာ ၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေ‌ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးက မကြာမီကျင်းပတော့မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်အခြေအနေများ၊ ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများ၊ မဲဆန္ဒရှင်စာရင်းကို ပထမအကြိမ်ကြေညာထားသည့် အခြေအနေများ၊ မဲဆန္ဒနယ်မြေ သတ်မှတ်ချက်များ၊ မဲပေးစက်များကိုမြို့နယ်အလိုက် စနစ်တကျအသုံးပြုသွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်က တွေ့ဆုံပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ကိုပြောကြားသည်။

 

ယင်းနောက် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေးမှူး ဦးဇော်မြင့်ဝင်း၊ မိုင်းဖြတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးအောင်မြတ်မိုး၊ မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးတင်မိုးဝင်းတို့က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်က နိဂုံးချုပ်စကားများပြောကြား ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)