အင်္ဂပူ အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ဆိပ်ကမ်းသာလမ်းဆုံ၌ ယမန်နေ့နံနက်ပိုင်းက “နိုင်ငံသား အခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူသည်။
အဆိုပါ မြေစိုက်ပိုစတာအား အင်္ဂပူမြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အတွက် လူစည်ကားရာနေရာတွင် စိုက်ထူထားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရလှိုင်၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များက အမွှေးနံ့သာရည်များကို ပက်ဖျန်းပေးသည်။ အလားတူ မဲဇလီကုန်းမြို့နှင့် ထူးကြီးမြို့များရှိ လူစည်ကားရာနေရာတွင် “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


