အောက်တိုဘာ ၉
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ကော်ဖီတန်ချိန် ၂၀၆၇၀၀ တင်ပို့ခဲ့ကြောင်း အသေးစား၊ အလတ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဝန်ကြီးဌာနမှ ယမန်နေ့က ပြောကြားခဲ့သည်။
ကော်ဖီကို အမေရိကန်၊ ဂျပန်၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများအပါအဝင် နိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချခဲ့သည်ဟု သိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုအများဆုံးနိုင်ငံများအနက် တစ်ခုဖြစ်ပြီး စိုက်ခင်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို အသေးစားလယ်သမားများက စီမံခန့်ခွဲကြောင်း ထိုဝန်ကြီးဌာနရှိ အလတ်စားစီးပွားရေးလုပ်ငန်းမှလက်ထောက်ဖြစ်သူက ပြောသည်။
မကြာသေးမီက ထူးခြားချက်တစ်ခုမှာ အရှေ့ဂျာဗားရှိ အာဂိုပူရိုတောင်စောင်းတွင် လယ်သမား ၅၆၈ ဦးထံမှ အာရေဗျကာကော်ဖီ ၁၅ တန်ကို ဆော်ဒီအာရေဗျနိုင်ငံ ဂျဒ်ဒါသို့ တင်ပို့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် နိုင်ငံ၏ကော်ဖီတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး လွန်ခဲ့သောနှစ်ကထက် ၇၆ ဒသမ ၃ ရာခိုင်နှုန်းပိုမိုခဲ့သည်ဟု အင်ဒိုနီးရှားစာရင်းအင်းဖော်ပြချက်များအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


