အဲဗာတန်အသင်းခံစစ်ကစားသမား ဂျိမ်းစ်တာကောစကီးသည် အသင်းနှင့် နှစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်သည်။ ထို့ကြောင့် အဲဗာတန်အသင်းအနေဖြင့် အဆိုပါ ကစားသမားကို ၂၀၂၈ ခုနှစ်အထိ အသင်းတွင် ထိန်းထားနိုင်တော့မည်ဖြစ်သည်။
အသက် ၃၂ နှစ်အရွယ် တာကောစကီးသည် ၂၀၂၂ ခုနှစ်တွင် ဘန်လေအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်သည်။ ၎င်းသည် အဲဗာတန်အသင်းအတွက် ပွဲပေါင်း ၁၂၈ ပွဲ ပါဝင်ကစားထားသည်။
တာကောစကီးသည် ယခုနှစ်ရာသီ အဲဗာတန်အသင်း၏ ပရီမီယာလိဂ် ခုနစ်ပွဲတွင် ခုနစ်ပွဲစလုံး ပွဲထွက်ကစားခွင့် ရရှိထားသူဖြစ်သည်။ ဒေးဗစ်မိုယက်စ်၏ အဲဗာတန်အသင်းသည် ပရီမီယာလိဂ်တွင် ခုနစ်ပွဲကစားပြီး သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးရလဒ် အမှတ်ပေးဇယား အဆင့် ၈ တွင် ရပ်တည်နေသည်။
အဲဗာတန်အသင်းသည် နောက်ဆုံးယှဉ်ပြိုင်ကစားထားသည့် ပြိုင်ပွဲစုံ ငါးပွဲတွင် တစ်ပွဲသာနိုင်ပွဲ ရရှိထားပြီး နှစ်ပွဲသရေနှင့် နှစ်ပွဲရှုံးရလဒ် ရရှိထားသည်။
အောင်ဇော်


