မက္ကဆီကိုစီးတီး အောက်တိုဘာ ၁၂
မက္ကဆီကိုနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ၃၇ ဦး သေဆုံးခဲ့ကြောင်း အရပ်ဘက် ကာကွယ်ရေးဆိုင်ရာ အမျိုးသားညှိနှိုင်းရေးအဖွဲ့က ပြောကြားသည်။
အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် နိုင်ငံအလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ မိုးရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။
မက္ကဆီကိုအလယ်ပိုင်းရှိ ဟီဒါဂိုပြည်နယ်တွင် သေဆုံးသူ ၂၂ ဦး၊ ပီယူဘီလာပြည်နယ်တွင် ကိုးဦး၊ ဗီရာခရုဇ်ပြည်နယ်တွင် ငါးဦးနှင့် ကွာရီတာရိုပြည်နယ်တွင် တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
မြေပြိုမှုများကြောင့် ငါးဦး ပျောက်ဆုံးနေပြီး လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် အခြားအဆောက်အအုံများစွာပျက်စီးခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနက ရေဘေးသင့်ဒေသများရှိ ပြည်သူများကို ကူညီရန် တပ်ဖွဲ့ဝင် ၅၄၀၀ ခန့် စေလွှတ်ထားကြောင်း သိရသည်။
ပစိဖိတ်ကမ်းရိုးတန်းမှ အပူပိုင်းမုန်တိုင်း ရေမွန်ချဉ်းကပ်လာခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မက္ကဆီကိုနိုင်ငံရှိ ပြည်နယ်အများအပြားတွင် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


