ဘမ်ဒါဆရီဘီဂါဝမ် အောက်တိုဘာ ၁၂
ဘရူနိုင်းနိုင်ငံတွင် အစိုးရရင်းနှီးမြှုပ်နှံမှုပလက် ဖောင်းဝက်ဘ်ဆိုက်ဟု အမည်ရသည့် အွန်လိုင်းမှ သတင်းတု၊ သတင်းမှားများထုတ်လွှင့်နေသည့် ဝက်ဘ်ဆိုက်ကို နိုင်ငံသားများအနေဖြင့် သတိပြုရှောင်ရှားကြရန် ဘရူနိုင်းဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနက နိုင်ငံသားများအား သတိပေးပြောကြားသည်။
ဘရူနိုင်းဒါရူဆလမ်အစိုးရက တည်ထောင်သည့် အစိုးရစာချုပ်ပလက်ဖောင်းဟု အမည်ရသည့် ဝက်ဘ်ဆိုက်တွင် ရေးသားထားသည့် သတင်းများကို မယုံကြည်ရန် နိုင်ငံသားများအား ယင်းဝန်ကြီးဌာနက ပြောကြားသည်။
ဌာနဆိုင်ရာအဖွဲ့အစည်းအယောင်ဆောင်၍ လိမ်လည်ခြင်းသည် ပြစ်မှုဆိုင်ရာဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်သည့် ပြစ်မှုအမျိုးအစားဖြစ်ကာ ထောင်ဒဏ်ခုနစ်နှစ်နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြား သည်။ ထို့ပြင် သတင်းတု၊ သတင်းမှားများကို ဖြန့်ဖြူးပါက ပြည်သူ့အမိန့်ကြော်ငြာစာအက်ဥပဒေအရ ဘရူနိုင်း ဒေါ်လာ ၃၀၀၀ နှင့် ထောင်ဒဏ်သုံးနှစ်ချမှတ်နိုင်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


