ရေတာရှည် အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများကို ပညာရည်မြင့်မားလာစေရန်နှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် G-5 မှ G-9 အထိ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည် စာမေးပွဲကို ယနေ့နံနက်ပိုင်းက အထက (ရေတာရှည်)၌ ပြုလုပ်ခဲ့သည်။

အဆိုပါစာမေးပွဲကို ရေတာရှည် မြို့နယ်အတွင်းရှိ ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၁၇ ဦး ဝင်ရောက်ဖြေဆိုကြပြီး စာမေးပွဲကို အောက်တိုဘာ ၁၃ ရက်အထိ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)