ရန်ကုန် အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ပန်းဘဲတန်းမြို့နယ်၌ စာပေနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသား စာကြည့်တိုက်(ရန်ကုန်)နှင့် မူပိုင်ခွင့် ဦးစီးဌာနတို့ ပူးပေါင်း၍ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ ကျင်းပသည်။
ဟောပြောပွဲတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာ နွယ်ရီဝင်းက စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ စာကြည့်တိုက်မှူးများ၊ မော်ကွန်းတိုက်မှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
အဆိုပါ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ အသိပညာပေး ဟောပြောပွဲတွင် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူးများ၊ ပန်းပညာရှင်များ၊ ရုပ်ရှင် အစည်းအရုံး၊ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ ထုတ်ဝေသူများအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာများ အသင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


