ရန်ကုန်     အောက်တိုဘာ     ၁၂

၂၀၂၅ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၄)အပြီး   လက်ကျန်နှစ်ပွဲအလိုတွင်   ချန်ပီယံဆုအတွက် ဒဂုံစတားယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ အပြိုင်ဖြစ်လာသည်။

ချန်ပီယံဆုမျှော်လင့်နိုင်သည့် အသင်းလေးသင်းအနက်  ဒဂုံစတားယူနိုက်တက်နှင့်  အား/ကာသိပ္ပံအသင်းတို့ အမှားအယွင်းမရှိ နိုင်ပွဲရယူနိုင်သော်လည်း တတိယနေရာမှ ရန်ကုန်ယူနိုက်တက်အသင်း သရေကျခဲ့သဖြင့် ငါးမှတ်ပြတ်သွားပြီး အခွင့်အရေးနည်းသွားသလို ရှမ်းယူနိုက်တက်အသင်းမှာ လည်း သရေပွဲကြုံတွေ့ခဲ့သဖြင့် လက်ရှိချန်ပီယံဘွဲ့ စွန့်လွှတ်လိုက်ရပြီဖြစ်သည်။ ပွဲစဉ် (၂၄)တွင် အား/ကာသိပ္ပံအသင်းက ရခိုင်ယူနိုက်တက်အသင်းကို ခြောက်ဂိုး-တစ်ဂိုး၊ ရာမညယူနိုက်တက် အသင်းက ဟံသာဝတီ ယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ Falconအသင်းက မဟာယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဒဂုံစတားယူနိုက်တက်အသင်းက ရတနာပုံအသင်းကို သုံးဂိုး-ဂိုးမရှိ၊    Junior Lions  အသင်းက   Dagon Port အသင်းကို လေးဂိုးပြတ်   အနိုင်ရပြီး   ဧရာဝတီယူနိုက်တက်နှင့်    ရန်ကုန်ယူနိုက်တက်အသင်း တစ်ဂိုးစီသရေ၊ ရှမ်းယူနိုက်တက်နှင့် သစ္စာအားမာန် အသင်း ဂိုးမရှိသရေကျခဲ့သည်။

ပွဲစဉ် (၂၄)အပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်းက ၅၅ မှတ်၊ အား/ကာသိပ္ပံအသင်းက ၅၄ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၅၀၊ ရှမ်းယူနိုက်တက်အသင်းက ၄၈ မှတ်၊ Junior Lions အသင်းက ရမှတ် ၄၀၊ Falcon အသင်းက ၃၇ မှတ်၊ သစ္စာအားမာန်အသင်းက ၃၅ မှတ်၊ ဧရာဝတီယူနိုက် တက်အသင်းက ၃၃ မှတ်၊ ရတနာပုံအသင်းက ရမှတ် ၃၀၊ ဟံသာဝတီယူနိုက်တက်အသင်းက ၂၉ မှတ်၊ ရာမညယူနိုက် တက်အသင်းက ၂၅  မှတ်၊ ရခိုင်ယူနိုက်တက်အသင်းက   ၁၃ မှတ်၊ Dagon Port အသင်းက ၁၁ မှတ်၊ မဟာယူနိုက်တက်အသင်းက ရှစ်မှတ် ရရှိထားသည်။  ပြိုင်ပွဲပြီးဆုံးရန်  နှစ်ပွဲသာလိုတော့ပြီး ဇယားထိပ်ဆုံးတွင်  တစ်မှတ်အကွာဖြင့် အပြိုင်ဖြစ်နေသည့်  ဒဂုံစတားယူနိုက်တက်နှင့် အား/ကာသိပ္ပံအသင်းတို့ အပြိုင်ဖြစ်နေပြီး ပွဲစဉ်(၂၅)တွင် ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-MNL