မကွေး ၁၆ မတ်     

 

မကွေးမြို့တွင် ဒုတိယအကြိမ် မြန်မာ့ရိုးရာ လမ်းလျှောက်အတာသင်္ကြန်ကို ၂၀၁၈ ခုနှစ် (ယခင်နှစ်)ထက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့မိမြို့ဖများက ပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း လမ်းလျှောက်သင်္ကြန် ကျင်းပရေး ကော်မတီအဖွဲ့မှ သိရသည်။ 

 

ဒုတိယအကြိမ် လမ်းလျှောက် သင်္ကြန်ကျင်းပနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် သင်္ကြန်ကျင်းပရေးကော်မတီအဖွဲ့၊ မြို့မိမြို့ဖတို့ မတ်လ ၁၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

t2

 

မြန်မာရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို ထင်ဟပ်ပေါ်လွင်စေပြီး၊ ပြည်သူတွေ အန္တရာယ် ကင်းရှင်းစွာလည်ပတ် ရေကစားနိုင်မည့် လမ်းလျှောက် သင်္ကြန်ပွဲတော်အား ယခင်နှစ်ကဲ့သို့ မကွေးမြို့ ကမ်းနားလမ်း တစ်လျှောက်မှာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်ဟု မကွေးပရဟိတ အကျိုးတော် ဆောင် ကိုမိုးထံမှ သိရသည်။

 

 " အရင်နှစ်ကလိုပဲ တိုင်းရင်းသားရိုးရာမဏ္ဍပ်တွေ ရေကစားမဏ္ဍပ်တွေ စတုဒိသာမဏ္ဍပ်တွေနဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေပါဝင်ပါမယ်။ယခုနှစ်မှာတော့ ရေကစားကြရင်း ဗိုက်ဆာ လာသူများနဲ့ အခြားမြို့များမှ လမ်းလျှောက်သင်္ကြန်ကိုလာရောက် လည်ပတ်ကြသူများအတွက် ရည်ရွယ်ပြီး လမ်းလျှောက်သင်္ကြန်အနီး သဲသောင်ပြင်မှာ နေ့စဉ်စတုဒိသာ နေ့လယ်စာ ထမင်းတစ်နပ် ကျွေးမွေးနိုင်ဖို့ ကြိုးစားထားပါတယ်။ လမ်းလျှောက်သင်္ကြန်ဧရိယာ တစ်လျှောက်မှာလည်း ယမန်နှစ်က ထက် ရေပိုမိုရရှိရေးအတွက်ပါ အထူးစီမံ ဆောင်ရွက်သွားဖို့ရှိပါတယ်" ဟု ကိုမိုးက ပြောသည်။

 

ge T5.

 

၂၀၁၉ ခုနှစ် သင်္ကြန်ရက်သည် ဧပြီ ၁၃ ရက် အကြိုနေ့မှ ဧပြီ ၁၆ ရက် အတက်နေ့ အထိ ၄ ရက်တိုင်တိုင် ရေကစားကြမည်ဖြစ်သည်။ ကလေးငယ်များ အနေဖြင့် နှစ်ဆန်းတစ်ရက်နေ့ အထိ ပျော်ရွှင်စွာ ရေကစားကြကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)

 

T7.