မြိတ်  ၁၆  မတ် 

 

ခြင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါများ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မတ်လ (၁၆)ရက် ၊ နံနက်ပိုင်း က မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စုတွင် ဆေးစိမ်ခြင်ထောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အင်္ဂမော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးဝင်း၊ အင်္ဂမော်ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးမှူး ဒေါ်အေးအေးစိုးနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများမှ လူနှစ်ဦးလျှင် ခြင်ထောင်တစ်လုံးနှုန်းဖြင့် ဆေးစိမ်ခြင်ထောင် (၅၆၄)လုံးကို အိမ်ထောင်စု(၁၉၅)စု အတွက် ကျေးရွာနေပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN