ရှန်ဟိုင်းမာစတာအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မိုနာကိုတင်းနစ်အကျော်အမော် ဗလန်တန်ဗာချဲရော့က နာမည်ကြီး ဆားဘီးယားတင်းနစ်အကျော်အမော် နိုဗက်ဒီဂျိုကိုဗစ်ကို အံ့အားသင့်ဖွယ် ၆-၃၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက် ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။
ဒီဂျိုကိုဗစ်သည် ယခုပွဲစဉ်ရှုံးနိမ့်ပြီး ဗိုလ်လုပွဲတက်လှမ်းခွင့် လွဲချော်ခဲ့သောကြောင့် ရှန်ဟိုင်း မာစတာဖလား စံချိန်တင်ဆွတ်ခူးရရှိမှုနှင့်လည်း လွဲချော်ခဲ့ပြီဖြစ်သည်။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သော ဒီဂျိုကိုဗစ်သည် ယခုပြိုင်ပွဲမတိုင်မီ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီး နာမည်ကြီး စပိန်တင်းနစ်ကစားသမား အယ်ကာရက်ဇ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် ဗိုလ်လုပွဲ တက်ခွင့်လွဲချော်ထားသူ ဖြစ်သည်။
ရှန်ဟိုင်းမာစတာအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို နာမည်ကြီး ဒီဂျိုကိုဗစ်ကို အနိုင်ယူကျော်ဖြတ်ခဲ့သည့် ဗာချဲရော့နှင့် အာသာရင်ဒါခ်နက်တို့ အောက်တိုဘာ ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဗာချဲရော့က အကြိတ်အနယ် ကစားကာ ၄-၆၊ ၆-၃၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိပြီး ဖလားဆွတ်ခူးနိုင်ခဲ့သည်။
မိုးဇက်


