အိမ်မဲ  ၁၆   မတ် 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက် ခန်းမတွင် (၇၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို မတ်လ ၁၆ ရက် နံနက် ၁၀  နာရီကကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က ပြိုင်ပွဲကျင်းပရခြင်းအကြောင်းနှင့် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရာ ဇာတ်လမ်းနှင့် သရုပ်ဖော် မောင်မောင်ဦး၏ "မြတ်နိုးချစ်ခင် ပတ်ဝန်းကျင်" စာအုပ်ဖြင့် ကျောင်းသားကျောင်းသူ ၁၀ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို မရွှေရည်ဝင်းလဲ့ ဒုတိယဆုကို မခိုင်ဇင်ဇော်နှင့် တတိယဆုကို မောင်ဝဏ္ဏမောင်မောင်တို့က ရရှိကြပြီး မြို့နယ်ပြန်/ဆက်ဦးစီးမှူးက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး အဆိုပါပြိုင်ပွဲသို့ ကျောင်းသားကျောင်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ် ပြန်/ဆက်မှ  သိရသည်။

 

MDN

 

20190