လပွတ္တာ   အောက်တိုဘာ   ၁၃

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌စေ‌ရေးအတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာပစ္စည်းများ အသုံးပြုနည်းနှင့် ပြုပြင်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပ သည်။

အဆိုပါ အခမ်းအနားတွင် လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားပြီး လပွတ္တာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းလတ်အောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍   ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်   အလုပ်သမားညွှန်ကြားရေးဦးစီးဌာန    မြို့နယ်ဦးစီးမှူးတို့က သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား ၂၀ ကို အောက်တိုဘာ ၁၃ ရက်မှ ၂၄ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။                                           

ခရိုင်(ပြန်/ဆက်)