နေပြည်တော် ၁၆ မတ်
ပို့ဆောင်ရေးနှင့် ဆက်လွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးမှ ကြီးမှူး၍ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(ဘုရင့်နောင်)နှင့် မြန်မာနိုင်ငံ ကုန်သေတ္တာတင်ယာဉ်အသင်း (ဗိုလ်လရောင်)တို့ ပူးပေါင်းဆောင်ရွက်ဖွင့်လှစ်သည့် အဆင့်မြင့်ယာဉ်ကြီးမောင်းသင်တန်း အမှတ်စဉ် (၃၆/၂၀ဝ၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ကုန်လမ်းပို့ဆောင်ရေး အင်ဂျင်နီယာသင်တန်းခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကုန်းလမ်းပို့ဆောင်ရေး ယာဉ်မောင်းသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒုတိယ အင်ဂျင်နီယာချုပ် ဦးတင်ကြွယ်က အဖွင့်အမှာစကားပြောကြားရာတွင် ကုန်သွယ်မှုပို့ဆောင်ရေးလုပ်ငန်းများ လုပ်ဆောင်စဉ် ကုန်သွယ်ယဉ်များကို ဆေးအန္တရာယ်ကင်းစွာဖြင့် စနစ်တကျကိုင်တွယ်ထိန်းသိမ်း မောင်းနှင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လက်လောက်အင်ဂျင်နီယာ ဦးတင်မောင်ဆန်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်သည့် အန္တရာယ်သတိပေးလမ်းညွှန်များ၊ မြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ ညွှန်ပြသည့်လမ်းညွှန်များ၊ လမ်းအမှတ်အသားများ အကြောင်းတို့ကို ထပ်မံရှင်းလင်းပြောကြားခဲ့သည်။
ယခုဖွင့်လှစ်သည့် အဆင့်မြင့်ယာဉ်ကြီးမောင်းသင်တန်းတွင် သင်တန်းသား (၅၂)ဦးကို သင်တန်းဆရာများက တစ်ပတ်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး သင်တန်းကျောင်းတွင် ယာဉ်ကြီးမောင်း သင်တန်းကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၈ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ်(၁)မှ(၃၅)အထိ သင်တန်းသား ၁၆၈၃ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ကြောင်း ဥတ္တရခရိုင်ပြန်/ဆက် မှ သိရသည်။
MDN


