ရန်ကုန် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို အလေးထားပြီး သင်တန်းမှ ပို့ချပေးမည့်ဘာသာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူက သင်တန်းသားများအား တူညီဝတ်စုံ ထောက်ပံ့ပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ခွဲမှူး ဦးသိန်းဝင်းက လက်ခံရယူခဲ့သည်။ အဆိုပါသင်တန်းတွင် နည်းပြနှစ်ဦးက သင်တန်းသား ၅၀ ကို သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၁၃ ရက်မှ နိုဝင်ဘာ ၇ ရက်အထိဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


