ရန်ကုန်     အောက်တိုဘာ     ၁၃

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို ပဏာမကစားသမား  ၃၀ ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုသည်   ကျင်းပပြီးစီးခဲ့သည့်  မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့တွင် ခြေစွမ်းပြခဲ့သည့်   ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် မလေးရှားကလပ် ဆာဘားအသင်းတွင်   ကစားနေသည့်  တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း၊ အမေရိကန်နိုင်ငံ၌ ကျောင်းပြန်တက်နေသည့်  တိုက်စစ်မှူး  မေထက်လူ တို့ ပဏာမလူစာရင်းတွင်  လတ်တလောပါဝင်လာခြင်းမရှိသေးပေ။ ဝင်းသိင်္ဂီထွန်းသည် ဆီးဂိမ်း ပြိုင်ပွဲတွင် ပါဝင်ကစားနိုင်မည်ဖြစ်သော်လည်း မေထက်လူမှာမူ ပါဝင်နိုင်ရန် မသေချာသေးကြောင်း  သိရသည်။  မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အောက်တိုဘာ ၁၈ ရက်မှ လကုန်ပိုင်းအထိ ဂျပန်နိုင်ငံ၌ သွားရောက်လေ့ကျင့်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်  အမျိုးသမီးအသင်း ပဏာမလူစာရင်းတွင် ဂိုးသမား-မျိုးမြမြငြိမ်း၊ သူဇာအောင် (သစ္စာအားမာန်)၊ အိစန္ဒာဇော် (ဧရာဝတီ)၊ ဇူးလတ်နဒီ (အား/ကာသိပ္ပံ)၊ နောက်တန်း-မေသက်မွန်မြင့် (သစ္စာအားမာန်)၊ ဇွန်ယုယဦး၊ ခင်မိုးဝင်း (ဧရာဝတီ)၊ ဖြူဖွေး၊ ယုယုနိုင် (ရန်ကုန်ယူနိုက်တက်)၊ လင်းလဲ့ဦး၊ သန်းသန်းနွယ်၊  ဟေမာန်စိုး၊   နှင်းပွင့်အေး (အား/ကာသိပ္ပံ)၊  ခင်မျိုးသန္တာထွန်း (ရှမ်းယူနိုက်တက်)၊ အလယ်တန်း-ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ(ဧရာဝတီ)၊ ခင်မာလာထွန်း (အား/ကာ သိပ္ပံ)၊ နန်းဖြူဖြူသွယ်၊ ရူပါခိုင်(ရှမ်းယူနိုက်တက်)၊ ခင်မိုမိုထွန်း၊ ဝင်းဝင်း (သစ္စာအားမာန်)၊ ယွန်းဝတီလှိုင်၊ ဒေစီအောင် (ရန်ကုန်ယူနိုက်တက်)၊ အိသက်ဖြိုး (YREO)၊ ရှေ့တန်း - မြတ်နိုးခင်   (သစ္စာအားမာန်)၊ ယဉ်လွန်းအိမ်၊ ရွှေရည်ထွန်း(အား/ကာသိပ္ပံ)၊ စန်းသော်သော်(ဧရာဝတီ)၊   ဇင်မိုးပြည့်၊ စုစုကြည် (ရန်ကုန်ယူနိုက်တက်) တို့ ပါဝင်ကြသည်။

မောင်စံကြီး