ကျောက်မဲ အောက်တိုဘာ ၁၃

 

စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာရေးကိရိယာများ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

 

ဦးစွာ ကျောက်မဲခရိုင် ပညာရေးမှူး ဦးကျော်ရွှေက အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင် မြန်မာစာပေယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့် အနာဂတ် နိုင်ငံတော် ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးသည်။

 

ထို့နောက် ဟောပြောဆွေးနွေးချက်များကို ကျောင်းသား ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။

 

ဆက်လက်ပြီး မေးမြန်းချက်များ ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား ကျောင်းသူများအား စာရေးဆရာ ကိုရွှေအောင်သင်းနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အလှူရှင်များကိုယ်စား စာရေးဆရာ ကိုရွှေအောင်သင်းက ဗလာစာအုပ်ဒါဇင် ၃၅၀၊ ဘောပင်ဘူး ၄၀၊ ခဲတံဘူး ၄၀ တို့ကို လှူဒါန်းပေးအပ်ရာ ခရိုင်ပညာရေးမှူး ဦးကျော်ရွှေက လက်ခံရယူကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)