ရန်ကုန်    အောက်တိုဘာ     ၁၃

ရန်ကုန်တိုင်းဒေသကြီး    တိုက်ကြီးမြို့နယ်   ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု  လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ တန်းမြင့်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း အမှတ်စဉ်(၄၇)နှင့် လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း အမှတ်စဉ်(၇၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း ညွှန်ကြားရေးမှူး ကျောင်းအုပ်ကြီး ဦးသိန်းစိုးမင်းက ခေတ်မီမြေတိုင်းကိရိယာများဖြစ်သည့် Total Station နှင့်  RTK GPS များကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုပြီး   တိုင်းတာတတ်စေရန်နှင့် ကွန်ပျူတာအသုံးပြု၍ မြေပုံရေးဆွဲထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ ယခုဖွင့်လှစ်သည့်သင်တန်းတွင် မြေတိုင်းတာခြင်းပညာရပ်နှင့် မြေစာရင်းပညာရပ်နှစ်မျိုးကို အဓိကထားသင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ မြေတိုင်း-၄၊ မြေတိုင်း-၅ နှင့် လက်ထောက်ဦးစီးမှူးများ စုစုပေါင်း ၂၀၀ တက်ရောက်ပြီး သင်တန်းကာလ  ငါးလခွဲအတွင်း သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။                           

မြို့နယ်(ပြန်/ဆက်)