ပေါက်ခေါင်း အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ မိုးသီးနှံတစ်မျိုးဖြစ်သော မိုးမြေပဲကို ၁၅၃၄၃ ဧက စိုက်ပျိုးခဲ့ရာ ၁၇၇၂ ဧက ရိတ်သိမ်းပြီးဖြစ်၍ ၁၂၇၀၈၈ တင်း ထွက်ရှိသည်။
ယခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မိုးမြေပဲကို စိုက်ပျိုးရေး ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဧကပေါင်း ၁၅၃၄၃ ဧက လျာထားစိုက်ပျိုးပြီးစီးပြီဖြစ်၍ ၁၇၇၂ ဧကကို ရိတ်သိမ်းခဲ့ရာ ၁၂၇၀၈၈ တင်းထွက်ရှိကာ ယမန်နှစ်ကထက် အထွက်နှုန်းကောင်းမွန်ကြောင်း ဝက်တိုးကျေးရွာ မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
မိုးမြေပဲအထွက်နှုန်းကောင်းခြင်းဖြင့် ဒေသတွင်းစားသုံးဆီထုတ်လုပ်မှု ပိုမိုအဆင်ပြေစေပြီး အထွက်နှုန်းကောင်းမွန် သော မြေပဲမျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် မြေပဲစိုက်ပျိုးရာတွင် ထိရောက်လွယ်ကူအဆင်ပြေစေသော စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)


