ကျုံပျော် အောက်တိုဘာ ၁၃

 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော် မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်လမ်းတံတား လုပ်ငန်းများကို ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ စစ်‌ဆေးရာတွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်) အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေး (ရုံးချုပ်)မှ တာဝန်ယူ တည်ဆောက် လျက်ရှိသည့် ရှားခဲ (အထောင် - ကညင်ဆိုင်) လမ်းပေါ်ရှိ ရှားခဲ (ပလ္လင်တံတား)တည်ဆောက်ရေး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

 

မြို့နယ်(ပြန်/ဆက်)