နေပြည်တော်   အောက်တိုဘာ  ၁၃

၂၀၂၆ ခုနှစ် အာရှဖလား ယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်ကို မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ   မြန်မာနှင့် တရုတ်-မကာအို အမျိုးသမီးဘောလုံးအသင်းတို့သည် အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို ယင်းနေ့ ညနေ  ၃ နာရီ ၄၅ မိနစ်မှစတင်၍  MRTV HD Channel၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ  တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည် ဖြစ်သည်။                                                 

သတင်းစဉ်