တောင်ကြီး အောက်တိုဘာ ၁၃

တောင်ကြီးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ အခွန်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့တွင် တောင်ကြီးမြို့ ကံကြီးရပ်ကွက်၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးဆန်းမြင့်ဦးက နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေရရှိရေးကို တည်ဆဲ အခွန်ဥပဒေများနှင့်အညီ စည်းကြပ် ကောက်ခံရမည် ဖြစ်သည့်အတွက် အခွန်ထမ်း ပြည်သူများအနေဖြင့် အခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်း အခွန်ပေးဆောင်မှု လုပ်ငန်းစဉ်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)