မိုင်းပန် ၁၆    မတ်    

    
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက် အဆင့်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် ကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

 

အဆိုပါဆွေးနွေးပွဲကို မတ်လ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းအသီးသီးမှာ ဆရာ/ဆရာမ စုစုပေါင်း (၃၂ ) ဦး တက်ရောက်ပြီး မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်နှင့် စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်နန်းဖြိုးဝင့်ထွန်းတို့မှ ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။


MDN

 

ge 20190