ထားဝယ် ၁၆ မတ် 

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် National Case Management Program နှင့် စပ်လျဉ်းသည့် မှုခင်းခြေရာကောက်စနစ် ( Case  Tracking Data Base ) သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတရား လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

 

Case  Tracking Data Base စနစ်ဖြင့် အချက်အလက်များကို ကွန်ပျူတာဖြင့် သိမ်းဆည်းသည့်အလေ့ အကျင့်တခုရစေရန် ၊ Case  Tracking Data Base ထဲတွင် အချက်အလက်များကို စုစည်းထားခြင်းဖြင့် လုပ်ငန်းစဉ်  အစီရင်ခံစာများ ပြင်ဆင်ရာတွင် လွယ်ကူစေရန် ၊ Case  Tracking Data Base စနစ်ဖြင့် လုပ်ငန်းအခြေအနေ သုံးသပ်ခြင်းအလေ့အကျင့်တခုဖြစ်လာစေရန် ၊ အနာဂတ်တွင် လိုအပ်သောအချက်အလက်များကို အချိန်နှင့်တပြေး  ညီ ထုတ်ယူအသုံးပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်သည်။

 

သင်တန်းတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးတင်အောင် က အဖွင့်အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နှင့်ပြည်သူ အများ ယုံကြည်ကိုးစားရသော တရားရုံးများဖြစ်ပေါ်စေရန်အတွက် မူဝါဒများ  ၊ရည်မှန်းချက်များချမှတ်ပြီး တရား စီရင်ရေး ဆိုင်ရာမဟာဗျူဟာစီမံကိန်းများ ရေးဆွဲ၍ နှစ်အလိုက်လုပ်ငန်းစဉ်များသတ်မှတ်ကာ စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း  မရှိသေးသော တရားရုံများမှ တရားသူကြီးများနှင့်တရားရုံးဝန်ထမ်းများအနေဖြင့် သင်တန်းက ပို့ချပေးသည်များကို သေသေချာချာလေ့လာမှတ်သားထားရန်လိုကြောင်းပြောကြားသည်။

 

သင်တန်း၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် လေ့ကျင့်ဌာန မှ ဒုတိယညွှန်ကြားရေးမှူးဒေါ်အေးအေးလှိုင် နှင့် တာဝန်ရှိသူများ က တိုင်းဒေသကြီးတရားလွှတ်တော်ရုံးနှင့် ထားဝယ်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများနှင့် ဝန်ထမ်း ( ၅၀ )ဦးအား မတ် ၁၇ ရက်နေ့အထိ(၂)ရက်သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ  သတင်းရရှိသည်။

 

MDN

 

DSC01