ဂန့်ဂေါ  ၁၆  မတ် 

 

ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် BRAVE HEART FOUNDATION တို့ ပူးပေါင်း၍ နိုင်ငံသားဖြစ်မှုနှင့် အထောက်အထား စာရွက်စာတမ်းများ လျှောက်ထားရယူခြင်း လုပ်ငန်းများ အကြောင်း ဆွေးနွေးပွဲကို မတ် ၁၅ ရက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်သည်။ 

 

ဆွေးနွေးပွဲသို့ လူမှုရေးအသင်းများမှ ၁၈ ဦးတို့ တက်ရောက်ကြ၍ အဆိုပါ FOUNDATION မှ ဦးရတနာ နှင့် အဖွဲ့က နိုင်ငံသားဖြစ်မှုများကို လေ့လာခြင်း၊နှင့်စပ်လျဉ်း၍ နိုင်ငံသားဖြစ်မှု၊ အခွင့်အရေးများ၊ တာဝန်ဝတ္တရားများ၊ နိုင်ငံမဲ့ဖြစ်ရခြင်း အကြောင်းရင်း၊ နိုင်ငံမဲ့ဖြစ်မှုကြောင့် ရရှိလာမည့် အကျိုးဆက်များ၊ နိုင်ငံမဲ့ ပပျောက်ရေး ဆောင်ရွက်နေမှုများတို့ကို ရှင်းလင်းဆွေးနွေးကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။ 

 

MDN