မြန်အောင် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများကို ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်) အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ဇော်မင်း၊ ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားသည့် စမ်းရွာကြီးကျေးရွာအုပ်စုရှိ ပဆင-စမ်းရွာ ကြီးလမ်းပေါ်ရှိ ပဲစေ့ချောင်းတံတားအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
မြို့နယ်(ပြန်/ဆက်)


